တောင်ကိုရီးယားတွင် မိုးခေါင်ရေရှားနေချိန် ရေတန်ချိန်များစွာအသုံးပြုမည့် ဖျော်ဖြေပွဲများစီစဉ်ထားမှုအတွက် PSY ဝေဖန်ခံနေရ

June 9, 2022
716
Views

သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ဖျော် ဖြေမှုအဖြစ် PSY သည် ‘Summer Swag 2022’ အမည်ဖြင့် ဖျော်ဖြေပွဲများပြုလုပ်သွားမည်ဖြစ်ပြီး ရှိုးပွဲလက်မှတ်များကို ဇွန် ၁၈ ရက် ၊ ဒေသစံတော်ချိန် ည ၈နာရီတွင် Interpark ဝက်ဘ်ဆိုဒ်မှတစ်ဆင့် စတင်ဝယ်ယူနိုင်မည်ဟု သိရသည်။

ရှိုးပွဲကာလက ဇူလိုင် ၉ရက်မှ သြဂုတ် ၂၇ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

PSY ၏နွေရာသီဖျော်ဖြေပွဲများသည်  ရေပက်မှုအစီအစဉ်ပါဝင်သည့်အတွက် နာမည်ကြီးလှပြီး ယခုနှစ်ပွဲတွင်လည်း ရေတန်ချိန် ၃၀၀ သုံးမည်ဟုကြေညာထားသည့်အတွက်  အင်တာနက်သုံးစွဲသူများအကြား ဝေဖန်ပြောဆိုမှု မြင့်တက်လျက်ရှိသည်။

လက်ရှိတောင်ကိုရီးယားတွင် မိုးခေါင် ရေရှားမှုနှင့်ကြုံတွေ့နေရပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အတော်နှောင့်နှေးနေချိန် ဖြစ်သည်။

ထို့ကြောင့်လည်းအင်တာနက်သုံးစွဲသူများက PSY အနေဖြင့် ယခုနှစ်အစီအစဉ်ကို  အခြားအိုင်ဒီယာတစ်ခုဖြင့် ပြောင်းလဲကျင်းပသင့်သည်ဟု တိုက်တွန်းနေကြသည်။

‘ရှိုးပွဲမှာ အသုံးပြုမယ့်ရေတွေကို အခြားနေရာမှာ အသုံးချရင်ပိုကောင်းမယ်’ ၊ ‘PSY  အနေနဲ့ အဲဒီရေတွေကို တောင်ယာသမားတွေကို လှူစေချင်တယ်’ ၊ ‘မိုးမခေါင်ရင်တော့  ကိစ္စမရှိဘူးပေါ့’ ၊ ‘တစ်နိုင်ငံလုံး မိုးခေါင်နေတယ်လေ ဟန်မြစ်ကြီးခြောက်ခမ်းသွားတော့မှ ဥတုရာသီဖောက်ပြန်ပြောင်းလဲတဲ့ကိစ္စကို အရေးစိုက်ကြမှာလား’ ဟု ဝေဖန်ထောက်ပြနေကြသူများရှိသလို PSY ကို ကာကွယ်ပေးကြသူများလည်း ရှိသည်။

‘ဒါဆိုရေပန်းဥယျာဉ်တွေနဲ့ ရေကူးကန်တွေအားလုံးရော မပိတ်သင့်ဘူးလား’၊ ‘ရေကို ပေးဝယ်တာပဲ ဘာလို့ဝေဖန်နေကြတာလဲ နားမလည်ဘူး’ ၊ ]ဇူလိုင်-သြဂုတ်က မုတ်သုံရာသီလေ အဲဒီအချိန်ထိစောင့်ပြီး မိုးခေါင်မှုအခြေအနေ  စောင့်ကြည့်သင့်တယ် မဟုတ်ဘူးလား’ ဟု ကာကွယ်ပြောဆိုနေကြသည်။

သို့သော်ဝေဖန်သည့် ပရိသတ်ကပိုများပြီး ‘အချိန်အခါလည်းကြည့်ဦး ဒီနှစ်တော့ဖျက်လိုက်ပါ’ ၊ ‘ငတ်တော့မှ နားလည်လိမ့်မယ် ရေရှားလို့ အစာရေစာလည်းရှားနေတယ်’ဟု အချို့ကမှတ်ချက်ပေးနေကြသည်။

Article Categories:
wired

All Comments

Leave a Reply

Your email address will not be published. Required fields are marked *