အောက်မှာမုန့်ဟင်းခါးချက်နည်း (၄)မျိုး
ရန်ကုန် မုန့်ဟင်းခါး
ပါဝင်ပစ္စည်းများ
ငါးခူ – ၃၀ သား
ငါးဖယ် – ၁၀ သား
ဘဲဥ – ၁၀ လုံး
ကုလားပဲခြမ်း – ၁၀ သား
မြေပဲ – ၅ ကျပ်သား
ဆန်အကျက်မှုန့် – ၁၀ သား
စပါးလင် – ၃ ပင်
ဂျင်းလက် – ၃ လုံး (၂ကျပ်ခွဲ)
ကြက်သွန်ဖြူ – ၄ မွှာ
ကြက်သွန်နီ (အကြီး) – ၇ လုံး
ကြက်သွန်နီ (အသေး) – ၁၀ လုံး
ငရုတ်ပုထောင်း – အနည်းငယ်
နနွင်း ၊ ငရုတ်ကောင်း
အချိုမှုန့် – ၁ ဇွန်း (သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် - လိုသလောက်
ထန်းလျက် – ၃ခဲ
ငှက်ပျောအူ – ၁ တုံး
ပြုလုပ်နည်း
ကြက်သွန်နီ(သေး) ၁၀လုံး နှင့်ငရုတ်ပုထောင်း အနည်းငယ်
နနွင်း၊ ငရုတ်ကောင်း
အချိုမှုန့် ၁ဇွန်း(သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် လိုသလောက်
ထန်းလျှက် ၃ခဲ၊ ငှက်ပျောအူ ၁တုံး
ပြုလုပ်နည်း
ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။ စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငါးခူကို ထည့်၍ ပြုတ်ပြီး အရိုးနွှင် ထားပါ။
အရိုးကို ထောင်းပြီး ဇကာ ခံကာ ရေနှင့်ဆေးချထားပါ။ ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည် အထိပြုတ်ပြီး ခြေထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဂျင်း စပါးလင် တို့ကို ထောင်းထားပါ။
ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့ လှီးချပါ။ ဆီသတ်ရန် ဆီ ထည့်ပါ။ ငါးဖယ်ကို ပြား၍ ကြော်ထားပါ။ ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏကပ်ပြီး ဆယ်ထားပါ။
ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။ ရွှေအိုရောင် သန်းလာလျှင်ငရုတ်ပုထောင်း ထည့်၍ ခဏမွှေပြီး ငါးထည့်ပါ။ ငံပြာရည်၊ (အချိုမှုန့်)ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက်သည်အထိ ဆီသတ်ပါ။
ကြက်သွန်ဥနီ အသေးကို ခွာထားပါ။ ဘဲဥကို ပြုတ်ထားပါ။ ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။ ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁၀မိနစ်ခန့်ထားပါ။
ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။ ဆန်မှုန့်အနံပျောက်အောင်ထားပါ။ နောက်ထပ်၁၀မိနစ်ခန့်ထားပါ။ မြေပဲထောင်း ထားတာ ထည့်ပါ။ ၁၀မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။ ငါးဖယ်ကို တုံး၍ ထည့်ပါ။
ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။ အဖုံး မအုပ်ပဲ ထားပါ။(ငှက်ပျောအူများ မဲတတ်သည်)။ ဘဲဥ လှီးထည့်ပါ။ အိုးဘဲဥ အတွက် အလုံးလိုက်လဲ ထည့်ပါ။ ထန်းလျှက်ခဲထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်၍ အရသာ အနေတော် ဖြစ်အောင်ပြင်ပါ။ ငရုတ်ကောင်းထည့်ပါ။
သက်သတ်လွတ် မုန့်ဟင်းခါး
မုန့်ဟင်းခါး ကြိုက်တယ် ဆိုတာ ငပိ၊ ငံပြာရည်ကြိုက်လို့။ ဒါကြောင့် ငပိ။ ငံပြာရည်မပါတဲ့ သက်သတ်လွတ် မုန့်ဟင်းခါးဆို စားကောင်းပါ့မလား အမြဲ သံသယ၀င်မိ။ ဝါတွင်းမို့ သက်သတ်လွတ်မုန့်ဟင်းခါးကို စိတ်ကူးလေး နဲ့ စမ်းချက်ကြည့်တယ်..မရဲတရဲလေး စားကြည့်တယ်။ စားလို့ကောင်းလို့ ချက်နည်းလေး ယူလာပေးပါတယ်ရှင့်။ မိတ်ဆွေ သူငယ်ချင်းတွေ ကို သက်သတ်လွတ်မုန့်ဟင်းခါး ဘယ်လိုချက်ကြသလည်းလို့ မေးမြန်းဘူးတယ်။ အများစုက ကုလားပဲကို ပြုတ်၊ အနှစ်တိုက်ယူပီးချက်ကြတယ်လို့ သိရပါတယ်။ မုန့် ဟင်းရည်က ဆိမ့်နေမှာသေချာ။
မမီးကတော့ ငရုပ်ကောင်းမုန့်ဟင်းခါး ဘက်ကို ဦးတည်ထားတာမို့ အရောင်စိမ်းပီး အရသာက ပူစပ်မွှေးပါရှင့်။
မွှေး မုန့်ဟင်းခါး အစုံမူန့်က သက်သတ်လွတ်လား မေးကြသူများအတွက်…
မွှေး မုန့်ဟင်းခါး အစုံမူန့်ဆိုတာ ဆန်..ရွှေကြည်..ငရုပ်ကောင်း ..စတာတွေကို မွှေးနေအောင် လှော်ပီးကြိတ်ထားတာ သက်သက်ဘဲ.. ကြက်သားမူန့် အချိုမူန့် စတာတွေ မရောထားဘူး လေ.. ရယ်ဒီမိတ် မုန့်ဟင်းခါး ချက်စားတဲ့အထုတ်တွေလိုမျိုး ငါးဆီသတ်တို့၊ အရသာမူန့်တို့ ထည့်သွင်းထားတာမဟုတ်ပါ။
ပဲငံပြာရည် သက်သတ်လွတ်လား မေးသူအတွက်
ပဲငံပြာရည်= ပဲကို ဘက်တီးရီးယားနဲ့ ဆားနဲ့ ငံနေအောင်လုပ်ထားသောအရည်
ငါးငံပြာရည်= ငါးကို ကို ဆားနယ်သိပ်ထားရာမှ ထွက်လာသောအရည်
ပါ၀င်ပစ္စည်းများ
1. မုန့်ဟင်းခါးဖတ် ၅၀ ဆယ်သား
2. ခရမ်းသီး ၃-၄ လုံး
3. ကြက်သွန်မြိတ် ၄ ပင်
4. မွှေးမုန့်ဟင်းခါး အစုံမူန့် ၄ စားပွဲဇွန်း
5. ကြက်သွန်နီ ၂၅ ကျပ်သား ( ၄၀၀ ဂရမ်)
6. ကြက်သွန်ဖြ ူ ၂ ကျပ်ခွဲသား ( ၂၅ ဂရမ်)
7. ချင်း ၁ လက်မ အရှည်
8. စပါးလင် ၂ ပင်
9. နနွင်းအနည်းငယ်
10. ဆီ ၅ ကျပ်သားခန့်
11. ငရုပ်ကောင်းလှော်ထောင်း
12. ၁ ၁/၂ စားပွဲဇွန်း
13. ထန်းလျှက်ခဲ ၂ ခဲ
14. ဆား သင့်ရုံ
15. ပဲငံပြာရည် အပျစ် ၁ လက်ဘက်ရည်ဇွန်း
16. ကြာမြစ်/ဌက်ပျောအူ
တွဲဘက်စားရန်
1. ပဲကပ်ကြော်/ဘူးသီးကြော်
2. ကြက်သွန်ဖြူဆီချက်
3. နံနံပင်
4. ငရုပ်သီးမူန့် လှော်ထောင်း
5. ပဲတောင့်ရှည်
ပြုလုပ်နည်း
၁။ ခရမ်းသီးကို အတွင်းသားပျော့ပြောင်းပီး အခွံ မီးကြွမ်းတဲ့အထိ မီးဖုတ် ပါ။ အအေးခံပီး အသားများကို ခြစ်ယူထားပါ။
၂။ ကြက်သွန်မြိတ်ကို နုတ်နုတ် လှီးထားပါ။
၃။ မွှေးမုန့်ဟင်းခါး အစုံမူန့် (အသင့်လှော်ပီးသား ) ကို မွှေးလာအောင် ဒယ်အိုးပူထဲမှာ ခဏလှော်ပေးပီး ရေ နို့ဆီဗူး ၁ဗူး စာခန့်ထည့် ဖျော်ပါ။ *** ပိုမွှေးလာအောင် ခဏလှော်ပေးတာပါ၊ အသင့်သုံးလှော်ပီးသားဖြစ်တဲ့အတွက် ထပ်မလှော်လည်း ရပါတယ်။***
၄။ ကြာမြစ်ထည့်မည်ဆိုလျှင် အခွံနွှာပီး အကွင်းလေးများလှီးထားပါ။ ဌက်ပျောအူ ထည့်မည်ဆိုလျှင် အူတိုင် အနုများကို လက်တလုံးအထူ လှီးပီးနနွင်း ထည့်ထားသောရေတွင်စိမ်ထားပါ။
၅။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပီး တ၀က်ခန့်ကို ခပ်ပီးဖယ်ထားပါ။ ကျန်တ၀က်ကို ပိုညက်သွားအောင် ဆက်ထောင်းပါ။ ချင်းကို ညက်အောင်ထောင်းပါ။ စပါးလင် အရင်းပိုင်းကို အက်သွးရုံလေး ထုပါ။ ပီးလျှင် ချည်ထုံးထားပါ။
၆။ ဒယ်အိုးတွင် ဆီ ၊ နနွင်း ထည့်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ ကို ကြွပ်အောင်ကြော်ပီးဆယ်ထားပါ။ ဆီ တချို့လည်းခပ်ဖယ်ထားပါ။
၇။ ကျန်တဲ့ဆီထဲမှာ ကြက်သွန်နီကို ဆီသတ်ပါ။ နွမ်းလျှင် ကြက်သွန်ဖြူ ၊ ချင်းတို့ ထည့်မွှေပီးသွေ့ လာတဲ့အထိ ဆီသတ်ပါ။ မွှေးလာတဲ့အခါ ခရမ်းသီးနဲ့ ကြက်သွန်မြိတ်ထည့်မွှေပေးပါ။
၈။ ဟင်းချက်မည့်အိုးတွင် ရေထည့်ပါ။ ဆူအောင်တည်ပါ။ ဆူလျှင် ရေဖျော်ထားတဲ့ မုန့်ဟင်းခါး အစုံမူန့်ကို သမအောင်မွှေပီးထည့်ပါ။ ဆီသတ်ထားသည်တို့ ထည့်ပါ။ ထန်းလျှက်ခဲ နဲ့ ဆားထည့်ပါ။ ကြက်သွန်နီ ဥ အလုံးသေးများနွှာထည့်ပါ။ ဌက်ပျောအူ /ကြာမြစ်တို့ထည့်ပါ။ ဟင်းရည်ဆူပွက်လျှင် ငရုပ်ကောင်းခတ်ပါ။ ကြက်သွန်ဖြူကြော် တချို့ထည့်ပါ။ အရသာကို လိုအပ်သလို ပြုပြင်ပီးသုံးဆောင်နိုင်ပါပြီ။
မူရင်းရေးသားသူကို credit ပေးပါတယ်
ငရုတ်ကောင်းဆန်လှော် မုန့်ဟင်းခါး
ပါဝင်ပစ္စည်းများ
မုန့်ဟင်းခါးဖတ် – 1000g
ငါးခူ – 500g
ငါးငံပြာရည် – လိုသလောက်
ဆား – လိုသလောက်
ကွကျဥ – ၆လုံး
ငရုတ်ကောင်းမှုန့် – ထမင်းစားဇွန်း တဇွန်းခွဲ
ကြက်သွန်နီ – အလုံးကြီးကြီး ၂လုံး (ဆီသတ်ရန် )
ကြက်သွန်နီ – အလုံးသေး ၁၈လုံးခန့် (ဟင်းရည်ထဲထည့်ရန် )
ကြက်သွန်ဖြူ – အမွှာကြီးကြီး အမွှာ ၂၀ခန့် (ဆီချက် ချက်ရန်)
ကြက်သွန်ဖြူ – အမွှာကြီးကြီး ၅မွှာခန့် (ငါးဆီသတ်ရန်)
ဆန်လှော်မှုန့် – ၁၀၀ဂရမ်
ချင်း – တလက်မခန့်
နနွင်းမှုန့် – လိုသလောက်
အချိုမှုန့် – လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ငရုတ်သီးအလှော်မှုန့် – စားနိူင်သလောက်
ဆီ – ထမင်းစားဇွန်း ၅ဇွန်း (ငါးဆီသတ်ရန်)
ဆီ – လက်ဖက်ရည်အကြမ်းပန်းကန် တလုံး (ဆီချက်ချက်ရန်)
ရေအေး – ၃လီတာခန့် (ဟင်းရည်ချက်ရန် )
ရေအေး -၂လီတာခန့် (ငါးပြုပ်ရန် ငါးရိုးအရည်ငင်ရန်)
ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် ပူစီနံ နံနံပင် သံပုရာသီး – လိုသလောက်
ငါးပြုတ်ရန်
၁။ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူကို ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆား နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံနှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။ ငါးကျက်ပါက ငါးပြုတ်ရည်ကို ဖယ်ထားပါ။ ငါးကိုအအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပြီး အရိုးများကို ထောင်းပေးပါ။ ပြီးတာနဲ့ ရေအနည်းငယ်ဖြင့် အရိုးများကို ငင်ပေးပြီး ဇကာဖြင့်စစ်ကာ အရည်ကိုယူထားပါ။
ပြင်ဆင်ရန်
၁။ ကြက်ဥ၅လုံးကို ပြုတ်ပြီး အခွံခွာကာထားပါ။ ကြက်ဥ တလုံးကို အစိမ်းခလောက်ထားပါ။ ကြက်သွန်နီ အလုံးကြီးကြီးကို အခွံခွာပြီး ညက်အောင် ထောင်းထားပါ။ ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို ဆီချက်ရန် မညက်တညက် ထောင်းထားပါ။ ကြက်သွန်ဖြူ ၅မွှာခန့်ကို ငါးဆီသတ်ရန် ညက်နေအောင် ထောင်းထားပါ။
၂။ ချင်းကို ညက်နေအောင် ထောင်းထားပါ။ ငရုတ်ကောင်းမှုန့်ကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် သံပုရာသီးတို့ကို ရေဆေးကာ ပြင်ထားပါ။ ဆန်လှော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ။ နံနံပင် ပူစီနံတို့ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။ ပဲကြော် ပြင်ထားပါ။ ကြက်သွန်ဖြူ ဆီချက်ပြင်ထားပါ။
ကြက်သွန်ဖြူ ဆီချက်ချက်ရန်
၁။ ကြက်သွန်ဖြူ အမွှာ၂၀လောက်ကို အခွံခွာကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ။ ဒယ်အိုးတလုံးမှာ ဆီ လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာထည့်ပါ။ မီးအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ။ မွှေးပြီးကြွတ်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးထားပါ။
ငါးဆီသတ်ရန်
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်ဖြူ၊ နီ ချင်းတို့ကိုထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပါ
ပြီးတာနဲ့ နနွင်းမှုန့်တို့ကိုထည့်ပြီး မိနစ်ဝက်လောက် ရောမွှေပေးပါ။ ငါးအသားများ ငရုတ်ကောင်းမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်းတဝက်ကို ထည့်မွှေပေးပါ။ ငါးဆီသတ်နံ့ မွှေးလာလျှင် မီးပိတ်ပေးပါ။
ဟင်းရည်ချက်ရန်
၁။ ဇောက်နက်သော အိုးကြီးကြီး တလုံးထဲမှာ ငါးပြုပ်ရည် ငါးအရိုး ကျင်ထားသောအရည် ဆား လက်ဖက်ရည်ဇွန်း တဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း ငါးဆီသတ်နှင့် ပြုတ်ထားသော ကြက်ဥတို့ကို ထည့်ပေးပါ။ ရေပွက်ပွက် ဆူလာပါက နောက်ထပ်ရေ အနေတော် ထပ်ထည့်ပေးပါ။
၂။ ရေ ပွက်ပွက်ဆူလာလျှင် ရေဖျော်ထားသော ဆန်လှော်မှုန့်ကို ထည့်ပြီး ရောမွှေပေးပါ။ ဆန်မှုန့်များ ခဲမသွားစေရန် မကြာမကြာ မွှေပေးပါ။ ဆန်လှော်မှုန့်များ အရမ်းမပွခင် ကြက်သွန်နီများကို အလုံးလိုက် ထည့်ပေးပါ။ ကြက်သွန်နီများ နူလာပါက ခလောက်ထားသော ကြက်ဥကို ဟင်းရည် ပွက်ပွက်ဆူနေချိန်မှာ အိုးအပေါ်မှ စက်ဝိုင်းပုံစံ လောင်းချပေးပြီး တဖက်သတ်ထဲ မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ။ မုန့်ပြင် ပန်းကန်လုံးထဲမှာ မုန့်ဟင်းခါးဖတ် ငရုတ်သီးအလှော်မှုန့် နံနံပင် ပူစီနံ ကြက်သွန်ဥ သံပုရာရည် ပဲပင်ပေါက် ကြက်သွန်ဖြူဆီချက်အဖတ် ကြက်သွန်ဖြူ ဆီချက်အနည်းငယ် ထည့်၍ အပေါ်မှ မုန့်ဟင်းရည် လောင်းထည့်ကာ အရသာရှိလှသော ငရုတ်ကောင်း ဆန်လှော် မုန့်ဟင်းခါးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
မူရင်းရေးသားသူကို credit ပေးပါတယ်။
မြောင်းမြ မုန့်ဟင်းခါး
ပါဝင်ပစ္စည်းများ
၁။ ငါးရံ့၊ ငါးခူ၊ ငါးကြင်းဖြူ (နှစ်သက်သည့် ငါးတမျိုးနှင့် ချက်ပါ။)
၂။ ဆန်လှော်မှုန့်
၃။ ပဲမှုန့်အကြက်
၄။ စပါးလင်
၅။ ကြက်သွန်ဖြူ
၆။ ကြက်သွန်နီ
၇။ ဂျင်း
၈။ ငရုတ်ကောင်း
၉။ ငံပြာရည်
၁၀။ ဆား
၁၁။ ဆနွင်းမှုန့်
၁၂။ ဆီ
၁၃။ ကြက်သွန်ဖြူဆီချက်
၁၄။ ကြက်သွန်နီဆီချက်
၁၅။ နံနံပင်
၁၆။ ငရုတ်သီး အကြက်မှုန့်
၁၇။ သံပုရာသီး (သို့မဟုတ်) ရှောက်သီး
၁၈။ ဘဲဥ
၁၉။ ငါးဖယ်ကြော်
၂၀။ အကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)
ပြုလုပ်နည်း
ငါးပြုတ်ရန် ရေနွေး တည်ထားပါ။ ရေနွေးဆူလျှင် စပါးလင်၊ဂျင်း၊ ကြက်သွန်ဖြူ၊ ငါး၊ ငံပြာရည်၊ ဆီအနည်းငယ် နှင့် ဆနွင်းမှုန့်အနည်းငယ် ထည့်ကာ ငါးများနူးလာသည် အထိ ပြုတ်ပေးပါ။ (ရေဆူပြီးမှ ငါးထည့်သည့် အတွက် ငါးညှီနံ့ မရှိပါ။)
ဟင်းရည်ချက်ရန် ငါးအသားနွှာပါ။ ကြေမသွားစေရန် ငါးအသားကို အမျှောင်းလှလှလေး ဖြစ်အောင်နွှာပါ။
ဂျင်း၊ ကြက်သွန်ဖြူ ထောင်းကာဆီသတ်ပါ။ ပြီးလျှင် ငါးပြတ်ရည်အိုး ဆူပွက်သည့်အချိန်တွင် နွှာထားသော ငါးအသားများထည့်ပါ။ (ငါးအသားများ ဆီမသတ်ရပါ။)
ဟင်းရည် ဆူပွက်၍ အနံ့မွေးလာရင် ဆန်လှော်မုန့်၊ ပဲမုန့်အကြက် တို့ကို ရေဖျော်ပြီ ဖြေးဖြေးလောင်းတည့်ပါ။ ဟင်းရည်ဆူချိန် ရောက်မှ အပေါ့အငံမြီးရျ် ငံပြာရည်ကိုချိန်ဆပြီးထည့်ပါ။ (ဟင်းရည် မဆူခင်တည့်ရင် ငံပြာရည် အနံထွက်တတ်သည်။)
ကြက်သွန်နီထည့်ပြီး ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။ အနံအရသာဖြင့် ပြည့်စုံသော မုန့်ဟင်းခါး ဟင်းရည် ရပါပြီ။
မုန့်ဟင်းခါးပွဲပြင်ပြီးလျှင် နံနံပင်၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီဆီချက်၊ ငါးဖယ်ကြော်၊ ငရုတ်သီး အကြက်မှုန့်၊ သံပုရာသီး (သို့) ရှောက်သီး၊ အကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)၊ ဘဲဥ မိမိနှစ်သက်ရာများကို ထည့်၍ စားသုံးနိုင်ပါတယ်။
Article Tags:
မုန့်ဟင်းခါးArticle Categories:
အစားအသောက်