အစားအသောက်

ဇလုံထမင်းနယ်နည်း (၆) မျိုး

ဇလုံထမင်းနယ်နည်း (၆) မျိုး

ဇလုံထမင်းနယ်ကို များသောအားဖြင့် ပဲပုပ်ကြော်ချက်၊ ငါးဟင်း၊ ငါးပိရည်ကျို၊ ငပိကြော် ၊ ဆီစိမ်း၊ ဆီချက် ရှိတာတွေ ရောထည့်နယ်လေ့ရှိပါတယ်..။ ထည့်တဲ့ အမယ်တွေအပေါ်မူတည်ပီး အရသာလေးတွေကွဲသွားပေမဲ့.. ရှုးရှုးရှဲ နဲ့ ငံငံ စပ်စပ်လေးဖြစ်အာင် အငံနဲ့ ငရုပ်သီးလှော်ထောင်း များများထည့်လေ့ရှိပါတယ်။
ပါ၀င်ပစ္စည်းများ

ထမင်းကြမ်း
ပဲပုပ်ချက် / ငါးဟင်း၊

ငါးပိရည်/ငပိကြော်/ ငပိချက်/ ငံပြာရည်ချက်
ငရုပ်သီးလှော်ထောင်း
ကြက်သွန်ဖြူကြော် ဆီချက်/ ကြက်သွန်နီဆီချက် / ဆီစိမ်း
ငရုပ်သီးအခြောက်တောင့်ကို ကြွတ်အောင်ကြော်ထားပါ။
ပဲမှုန့်အကျက်
ငံပြာရည် တို့ ထည့်ပြီးနယ်ပါ။ ကိုယ်ကြိုက်တဲ့ အရသာရပီ ဆိုရင်
• ငရုတ်သီး အကြမ်းမှုန့်ကြော် ဖြန့်ပြီးထည့် ။
• ကြက်သွန်ဖြူကြော် ဖြန့်ပြီးထည့် ပြီးရင်
• နံနံပင်၊
•ပါးပါးလှီးရေစိမ်ထားတဲ့ဂေါ်ဖီ၊
• မြေပဲကြော်၊
• အာလူးကြော်၊ ငါးမုန့်ကြော် စသဖြင့် အကြွတ်ကြော်လေး တမျိုးမျိုးနဲ့ တွဲစားလို့ရပါပြီ။ ဟင်းချို အတွက် ပုဇွန်ခြောက်သို့မဟုတ် ငါးကျည်း ခပ်ထားတဲ့ ဗူးသီး ဟင်းခါးထဲ နံနံပင် နဲ့ ငရုပ်ကောင်းလေး ခတ်ပီး ထမင်းသုပ်လေးနဲ့ တွဲဘက်သုံးဆောင်ပါရှင်။
ဇလုံကြီးထမင်းနယ်နည်း
============
ပါ၀င်ပစ္စည်းများ
ထမင်း
ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)
ငပိရည်
ကြက်အူချောင်း
ကြက်သလုံး
ပဲပြားအချိုကြော်
တို့စရာအစုံ (သခွားသီး ၊ ခရမ်းသီးပြုတ် ၊ သရက်ရေစိမ် ၊ ကြက်သွန်နီတလုံး)
ပြုလုပ်ပုံ
ဇလုံကြီးးထဲမှာ ထမင်းထည့်ပြီး မနက်က ချက်တဲ့ ခရမ်းချဉ်သီး ငပိချက် များများရယ် ၊ ငပိရည်ရယ် ၊ သေချာနယ်ပါ ။
ပြီးလျင် ကြက်အူချောင်း ၊ ကြက်သလုံး ၊ ပဲပြားအချိုကြော်လေးကို ပုံပြီး ၊ တို့စရာ အစုံ ၊ သခွားသီး ၊ ခရမ်းသီး ပြုတ် ၊သရက်ရေစိမ် ၊ ကြက်သွန်နီ တလုံးနဲ့ ဇွန်းရတဲ့သူက မေ့ချင်ယောင် ဆောင်ပြီး ပြန်မပေးတော့ဘဲ အယ့်လို လုစားကြပါတယ် ။ သောက်ရေ မတ်ခွက်ကြီး အပြည့်ထည့်ပြီး ရေသောက်လိုက် ၊ စားလိုက် နဲ့ ရှုးရှဲ ရှုးရှဲပေါ့ ။
လ္ဘက်ထမင်းနယ်
===========
ပါ၀င်ပစ္စည်းများ
ထမင်း
လ္ဘက်ချဉ်စပ်နှပ်
ကြက်သွန်ကြော်
မြေပဲလှော်
ဆီ
ဆား
ပုဇွန်ခြောက်မူန့်
ခရမ်းချဉ်သီး
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငါးနီတူခြောက်ကြော်ရွရွလေး
ရေနွေးကြမ်းပူပူလေး
ပြုလုပ်နည်း
အိမ်မှာ လ္ဘက်ချဉ်စပ်နှပ်ကို ထမင်းပေါ်တွင် ထည့်ပြီး ကြက်သွန်ကြော် ၊ နှမ်း ၊ မြေပဲလှော် ၊ ဆီ ၊ ဆား ၊ ပုဇွန်ခြောက်မူန့် ထည့်ပြီး အားလုံး သမအောင် နယ်ပါ ။
လ္ဘက် ထမင်းပေါ်က ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ပါးပါးလှီး ထည့်ပါ ။
ကြက်သွန်ဖြူ ၊ ငါးနီတူခြောက်ကြော် ရွရွလေးကို တပုံစီ ပုံပြီး ရေနွေးကြမ်း ပူပူလေးနဲ့ သုံးဆောင်ကြည့့်ပါ
မျှစ်ဝါ ငပိစပ်ထောင်း ထမင်းနယ်
====================
ပါ၀င်ပစ္စည်းများ
ထမင်း ၄ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
မျှစ်ဝါ ငပိစပ်ထောင်း ၅ ဇွန်း (ထမင်းစားဇွန်း)
ငါးဂွေးသီးချက် ကျန်တဲ့အနှစ် ၂ ဇွန်းခန့် (ထမင်းစားဇွန်း)
ငါးခြောက်ကြာ်
ခရမ်းကြွတ်သီး ၃ လုံး
ခရမ်းချဉ်သီး ၂ လုံး
ဥဝါ ၁ ပိုင်း
မြေပဲဆီစစ်စစ်
ပြုလုပ်နည်း
ဇလုံ တခုထဲတွင် ထမင်း ၊ မျှစ်ဝါ ငပိစပ်ထောင်း ၊ ငါးဂွေးသိးချက် ကျန်တဲ့အနှစ် တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ ။
ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ ။ မျှစ်ဝါ ငပိစပ်ထောင်း ထဲတွင် ဆား ပါပြီးသား ဖြစ်ပါသည် ။
မျှစ်ဝါ ငပိစပ်ထောင်းနှင့် ငါးဂွေးသီးချက် ကျန်တဲ့အနှစ်ကို နယ်ထားသည့် ထမင်းကို ငါးခြောက်ကြာ် ၊ ခရမ်းကြွတ်သီး ၊ ခရမ်းချဉ်သီး ၊ ဥဝါ အချောင်းရျည်လေးများကို ဂျိုးဂျိုးဂျွတ်ဂျွတ် စားကြည့်ပါ အင်မတန်ကောင်းပါသည် ။
မျှစ်ဝါ ငပိစပ်ထောင်းကို ထမင်းနယ် ပေါ်မှာ ပုံထားပါသည် ။ အိမ်မှကလေးများ၏ တောင်းဆိုချက်အရ ဖြစ်ပါသည် ။
ပုဇွန်စပ်ခြောက် ထမင်းနယ်
=================
ပါ၀င်ပစ္စည်းများ
ထမင်း ၁ ပန်းကန်
ပုဇွန်စပ်ခြောက် ၃ ဇွန်း (ထမင်းစားဇွန်း)
ငါးဥဟင်း အနှစ်
ငါးဥဟင်း ၁ ကောင်
ခရမ်းချဉ်သီး
ဒညင်းသီး ပြုတ်
သံပုရာသီး သေးသေးလှီးထားပါ
ဆီ အနည်းငယ်
ဆား အနည်းငယ်
ပြုလုပ်နည်း
ထမင်း ၊ ပုဇွန်စပ်ခြောက် ၊ ငါးဥဟင်း အနစ် ၊ ဆား နှင့် ဆီ အနည်းငယ်ကို နယ်ပါ ။
နယ်ထားသည့် ထမင်းနယ်ကို ငါးဥဟင်း ၊ ဒညင်းသီး ပြုတ် ၊ ခရမ်းချဉ်သီး ၊ သေးသေးလှီးထားသော သံပုရာသီး တို့နှင့် တွဲ၍ စားနိုင်ပါသည် ။
အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
မကျည်းထောင်းစပ် ထမင်းနယ်
===================
ရာသီစာစားမှ ဖြစ်နေတဲ့ ရာသီဥတု ဒဏ်ကို ခံနိုင်တာ ၊ အဖျားအနာ ကင်းတာ ဆိုတာကို ပါးစပ်က တတတွတ်တွတ် ပြောပြီး ရာသီနဲ့ အလိုက်ချက်ပြုတ် ကျွေးမွေး သင်သွန် ခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့် အိမ်က ကလေးတွေကိုလည်း ရာသီစာတွေကို အမျိုးမျိုး အသွင်ပြောင်းပြီး ကျွေးပါတယ် ။ အခုလည်း အငယ်ကောင်က မနက်စောစောစီးစီး ထမင်းနယ် စားခြင်တယ်ဆိုလို့ အိမ်က နုတဲ့ မကျည်းကိုင်းကို ချိုင်ပြီး မကျည်းရွက်နုတွေကို ခြွေပြီး မနေ့က ချက်ထားတဲ့ ဟိုနဲနဲ ဒီနဲနဲကျန်တာတွေကို ကျန်စုရှင်း လုပ်ပြစ်လိုက်ပါတယ် ။ အိမ်ကလူတွေကတော့ ကျန်စုရှင်းဆို လုစားကြတယ် ။ လုပ်စား ကြည့်လိုက်ပါအုံး ။
ပါ၀င်ပစ္စည်းများ
ထမင်း ၂ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
မကျည်းထောင်းစပ်စပ် ၂ ဇွန်း (ထမင်းစားဇွန်း)
မကျည်းရွက် လက်တဆုပ်စာ
ကြက်ဥမွှေကြော် (ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်)
မျှစ်ပြုတ်
ဖရဲသီး ပေါက်စပြုတ်
မြေပဲဆီစစ်စစ်
ပြုလုပ်နည်း
ဇလုံ တခုထဲတွင် ထမင်း ၊ မကျည်းထောင်းစပ်စပ် ၊ မကျည်းရွက်စိမ်း တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ ။ ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ ။ မကျည်းထောင်းစပ်စပ်ထဲတွင် ဆားပါပြီးသား ဖြစ်ပါသည် ။
ကြက်ဥမွှေကြော် ထဲတွင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်တို့ ပါဝင်ပသည် ။
မျှစ် နဲ့ ဖရဲသီးပေါက်စတွေကို တို့စားရန် ပြုတ်ထားပါသည် ။
မကျည်းထောင်းစပ် နှင့် နယ်ထားသည့် ထမင်းကို ကြက်ဥမွှေကြော် ၊ မျှစ်ပြုတ် ၊ ဖရဲသီးပေါက်စပြုတ် ၊ မြေပဲကြော် တို့နှင့် တွဲစားပါသည် ။
မူရင်းပိုစ့်ပိုင်ရှင်များအားလေးစားစွာCreditပေးပါသည်
Crd
Black Aries

Recent Posts

ကမ္ဘာ့နာမည်ကြီးအိမ်မွေးကြောင်မျိုးစိတ်များနှင့် သူတို့၏ထူးခြားချက်များ

ဟေ့... ကြောင်ချစ်သူတို့ရေ။ ဒီနေ့မှာတော့ ကမ္ဘာပေါ်က နာမည်အကြီးဆုံး အိမ်မွေးကြောင်မျိုးစိတ်တွေအကြောင်း စိတ်ဝင်စားဖွယ် အချက်အလက်လေးတွေ မျှဝေပေးချင်ပါတယ်။ အိမ်မွေးကြောင်မျိုးစိတ်ပေါင်း ၄၀ ကျော်လောက်ရှိပေမယ့် ဒီနေ့မှာတော့ လူအများစုကြိုက်နှစ်သက်တဲ့ ထိပ်တန်းကြောင်မျိုးစိတ်…

6 months ago

အချိန်ဆွဲခြင်းကနေ လွတ်မြောက်ဖို့

အချိန်ဆွဲခြင်းကနေ လွတ်မြောက်ဖို့ အချိန်ဆွဲတယ်ဆိုတာ ကျွန်တော်တို့အားလုံးရဲ့ ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုပါ။ မနက်ဖြန် လုပ်မယ်၊ နောက်မှလုပ်မယ်ဆိုပြီး ရွှေ့နေကြတာပေါ့။ လူတော်တော်များများက ဒီလိုအကျင့်ကြောင့် အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးရတာ၊ စိတ်ဖိစီးမှုတွေဖြစ်ရတာမျိုးတွေ ကြုံတွေ့နေရပါတယ်။…

6 months ago

မုန့်ဟင်းခါးချက်နည်း (၄)မျိုး

အောက်မှာမုန့်ဟင်းခါးချက်နည်း (၄)မျိုး ရန်ကုန် မုန့်ဟင်းခါး ပါဝင်ပစ္စည်းများ ငါးခူ - ၃၀ သား ငါးဖယ် - ၁၀ သား ဘဲဥ -…

2 years ago

ဟောလိုးဝင်း (Halloween) သရဲပွဲတော်အကြောင်း စိတ်ဝင်စားဖွယ်ရာများ

ဟေ့... မိတ်ဆွေတို့ရေ။ ခုတလော နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ဟောလိုးဝင်းပွဲတော်အကြောင်း ပြောပြပေးချင်လို့ပါ။ ကျွန်တော်တို့ဆီမှာလည်း ဟောလိုးဝင်းပါတီတွေ၊ သရဲဝိညာဉ်အဝတ်အစားတွေနဲ့ ပွဲတွေလုပ်လာကြတာမို့ ဒီပွဲတော်အကြောင်း သိထားသင့်တာလေးတွေ မျှဝေပေးလိုက်ပါ့မယ်နော်။ ဘယ်ကစတာလဲ…

2 years ago

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ ဟောလိုးဝင်း (halloween) ပွဲအတွင်း လူအုပ်ပြို၍ သေဆုံးသူ ၁၅၀ကျော် ရှိလာ

 တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အီထယ်ဝန်ရပ်ကက်၌ ကျင်းပသည့် ဟောလိုးဝင်းပွဲ (Halloween) အတွင်း လူအုပ်ပြို၍ သေဆုံးရသူဦးရေမှာ လူအုပ်ပိပြီး လူ ၁၅၁ ဦး ကျော် သေဆုံးသွားကြောင်း…

2 years ago

ဖူဆယ်အားကစား အကြောင်း သိကောင်းစရာ

ဖူဆယ်အားကစား အကြောင်း သိကောင်းစရာများ.... ဖူဆယ်အားကစားကို ၁၉၃ဝ ပြည့်လွန်နှစ်များမှစ၍ ဘရာဇီးနှင့် ဥရုဂွေးနိုင်ငံတို့တွင် ဖွံ့ဖြိုးနေပြီဖြစ်ကြောင်း လေ့လာသူများက ဆိုထားသည်။ ဖူဆယ်ဟူသော ဝေါဟာရသည် ပေါ်တူဂီဘာသာစကား ''Futebol…

2 years ago