Categories: အားကစား

ဖူဆယ်အားကစား အကြောင်း သိကောင်းစရာ

ဖူဆယ်အားကစား အကြောင်း သိကောင်းစရာများ….

ဖူဆယ်အားကစားကို ၁၉၃ဝ ပြည့်လွန်နှစ်များမှစ၍ ဘရာဇီးနှင့် ဥရုဂွေးနိုင်ငံတို့တွင် ဖွံ့ဖြိုးနေပြီဖြစ်ကြောင်း လေ့လာသူများက ဆိုထားသည်။ ဖူဆယ်ဟူသော ဝေါဟာရသည် ပေါ်တူဂီဘာသာစကား ”Futebol DeSalao” မှ ဆင်းသက်လာပြီး မြန်မာလို အဓိပ္ပာယ် ဖွင့်ဆိုပါက အားကစားရုံ သို့မဟုတ် ခန်းမအတွင်းကစားသည့် ဘောလုံးပွဲဟု အဓိပ္ပာယ်ရသည်။ ၎င်းအားကစားနည်း၏ အမည်ကို စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ၁၉၈၅ ခုနှစ်က ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ Futbol Sala ဟူသော အမည်ကိုသာအသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်မှ ဖူဆယ်(Futsal)အမည်သို့ ပြောင်းလဲလိုက်ပြီး ယခုအချိန်ထိ ဆက်လက်အသုံးပြုနေကြသည်။

ဖူဆယ်ကစားနည်းကို ဘောလုံးအားကစားနည်းနှင့် နှိုင်းယှဉ်ပါက အနှစ်သာရပိုင်းနှင့် ရည်မှန်းချက်တူညီမှုရှိသကဲ့သို့ ကွဲပြားမှုများရှိကြသည်။ ဖူဆယ်နှင့် ဘောလုံး အားကစားတို့သည် ခြေအစုံကိုအဓိက အသုံးပြု၍ဘောလုံးကို ဂိုးအဖြစ်ပြောင်းလဲရန် ကြိုးပမ်းသော ရည်မှန်းချက် တူညီကြပြီး ကစားကွင်းအရွယ်အစားနှင့် အနေအထား၊ ကစားသမား အရေအတွက်၊ အသုံးပြုသော ဘောလုံးအရွယ်အစားနှင့် စည်းမျဉ်း သတ်မှတ်ချက်များ မတူညီကြပေ။ ဖူဆယ်အားကစားကွင်း အရွယ်အစားအတွက် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်မှာ အလျားမီတာ ၄ဝ နှင့် အနံမီတာ ၂ဝ ဖြစ်သည်။ ယေဘုယျအားဖြင့် အလျား ၂၅ မီတာမှ ၄၂ မီတာအတွင်းနှင့် အနံ ၁၅ မီတာမှ ၂၅ မီတာအတွင်းရှိလျှင် ပြိုင်ပွဲကျင်းပ ခွင့်ပြုထားသည်။ ကွင်းမျက်နှာပြင်ကို သစ်သား သို့မဟုတ် အထူးစီမံထားသော အခင်းပြုလုပ်နိုင်သည်။ အရေးကြီးသည်မှာ ကစားသမား များအတွက် အန္တရာယ် မဖြစ်စေရန် မျက်နှာပြင်ညီညာ ချောမွေ့နေရမည်ဖြစ်သည်။ ကွင်းမျက်နှာပြင်နှင့် မျက်နှာကြက်သည် အနည်းဆုံး ၄ မီတာကွာဝေးရမည်ဖြစ်သည်။

ဖူဆယ်အားကစားနည်းတွင် အသုံးပြုသော ဂိုးပေါက်အကျယ်သည် ၃ မီတာရှိပြီး အမြင့် ၂ မီတာရှိသည်။ ဂိုးဧရိယာအဖြစ် ဂိုးစည်းလိုင်းမှ ၆ မီတာအတွင်းကို သတ်မှတ်သည်။ ပယ်နယ်တီအမှတ်အသား နှစ်ခုထားရှိရာ ပထမပယ်နယ်တီ အမှတ်အသားသည် ဂိုးနှင့် ၆ မီတာအကွာ၌ရှိပြီး ဒုတိယပယ်နယ်တီ အမှတ်အသားသည် ဂိုးနှင့် ၁ဝ မီတာအကွာ၌ရှိသည်။ ကစားကွင်းအတွင်း မည်သည့်နေရာတွင်မဆို ပြစ်ဒဏ်ခြောက်ကြိမ် ဖြစ်သောအခါ ပယ်နယ်တီပြစ်ဒဏ်ဘောကို ဒုတိယပယ်နယ်တီ အမှတ်အသားမှ ကန်သွင်းရသည်။

ဖူဆယ်အားကစားနည်းတွင် အားကစားသမားများအတွက် ပြစ်ဒဏ်သတ်မှတ်ချက်သည် ဘောလုံး အားကစားနည်းတူ အနီကတ်၊ အဝါကတ်ပြသခြင်း၊ တိုက်ရိုက်ပြစ်ဒဏ်ဘော၊ တစ်ဆင့်ကန်ပြစ်ဒဏ်ဘော၊ ပယ်နယ်တီပြစ်ဒဏ်ဘောများ ရှိသည်။ ကစားသမားတစ်ဦးသည် အဝါကတ်နှစ်ကြိမ် ပြခံရလျှင် အနီကတ်အဖြစ် သတ်မှတ်ခံရသည်။ ဘောလုံးအားကစားနည်းနှင့် ကွဲပြားမှုမှာ အသင်းတစ်သင်းမှ ကစားသမား တစ်ဦးသည် အနီကတ်ပြထုတ်ပယ်ခံရပြီး ၃ မိနစ်ကြာသည့်နောက် သို့မဟုတ် ပြိုင်ဘက်အသင်းက ဂိုးသွင်းယူမှုကိုခံရပြီးနောက် အခြား ကစားသမား တစ်ဦးကို ပြန်လည်အစားထိုး ထည့်သွင်းနိုင်သည်။ အနီကတ်ပြခံရသည့် ကစားသမားကိုမူ ပြန်လည်ထည့်သွင်းခွင့် မရှိပေ။ ဘေးထွက်သွားသော ဘောလုံးကို လက်ဖြင့်မြှောက်ပေးခြင်းကို ခွင့်မပြုဘဲ ခြေဖြင့်သာကန်ခွင့်ပြုရာတွင် ဘောလုံးတည်ပြီး ၅ စက္ကန့်အတွင်း ကန်ရမည်ဖြစ်သည်။

ဖူဆယ်အားကစားအသင်း ဖွဲ့စည်းမှုအနေဖြင့် အသင်းတစ်သင်းလျှင် ကစားသမားငါးဦးစီဖြင့် ယှဉ်ပြိုင်ကစားရပြီး ၁၄ ဦးအထိ ပါဝင်ဖွဲ့စည်းနိုင်သည်။ လူစားလဲလှယ်ရာတွင် အများဆုံး ကစားသမားကိုးဦးအထိ လဲလှယ်နိုင်ပြီး လူစားလဲလှယ်သည့် အကြိမ်အရေအတွက် ကန့်သတ်မှုမရှိပါ။ ကစားသမားငါးဦးစလုံး တစ်ပြိုင်တည်း လဲလှယ်ခြင်းကိုလည်း ခွင့်ပြုထားသည်။ အခြားအသေးစိတ် စည်းကမ်း သတ်မှတ်ချက်များလည်း ရှိပါသည်။

Ref : Asia Arr Mann Futsal Playground

Black Aries

Share
Published by
Black Aries

Recent Posts

ကမ္ဘာ့နာမည်ကြီးအိမ်မွေးကြောင်မျိုးစိတ်များနှင့် သူတို့၏ထူးခြားချက်များ

ဟေ့... ကြောင်ချစ်သူတို့ရေ။ ဒီနေ့မှာတော့ ကမ္ဘာပေါ်က နာမည်အကြီးဆုံး အိမ်မွေးကြောင်မျိုးစိတ်တွေအကြောင်း စိတ်ဝင်စားဖွယ် အချက်အလက်လေးတွေ မျှဝေပေးချင်ပါတယ်။ အိမ်မွေးကြောင်မျိုးစိတ်ပေါင်း ၄၀ ကျော်လောက်ရှိပေမယ့် ဒီနေ့မှာတော့ လူအများစုကြိုက်နှစ်သက်တဲ့ ထိပ်တန်းကြောင်မျိုးစိတ်…

6 months ago

အချိန်ဆွဲခြင်းကနေ လွတ်မြောက်ဖို့

အချိန်ဆွဲခြင်းကနေ လွတ်မြောက်ဖို့ အချိန်ဆွဲတယ်ဆိုတာ ကျွန်တော်တို့အားလုံးရဲ့ ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုပါ။ မနက်ဖြန် လုပ်မယ်၊ နောက်မှလုပ်မယ်ဆိုပြီး ရွှေ့နေကြတာပေါ့။ လူတော်တော်များများက ဒီလိုအကျင့်ကြောင့် အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးရတာ၊ စိတ်ဖိစီးမှုတွေဖြစ်ရတာမျိုးတွေ ကြုံတွေ့နေရပါတယ်။…

6 months ago

မုန့်ဟင်းခါးချက်နည်း (၄)မျိုး

အောက်မှာမုန့်ဟင်းခါးချက်နည်း (၄)မျိုး ရန်ကုန် မုန့်ဟင်းခါး ပါဝင်ပစ္စည်းများ ငါးခူ - ၃၀ သား ငါးဖယ် - ၁၀ သား ဘဲဥ -…

2 years ago

ဇလုံထမင်းနယ်နည်း (၆) မျိုး

ဇလုံထမင်းနယ်နည်း (၆) မျိုး ဇလုံထမင်းနယ်ကို များသောအားဖြင့် ပဲပုပ်ကြော်ချက်၊ ငါးဟင်း၊ ငါးပိရည်ကျို၊ ငပိကြော် ၊ ဆီစိမ်း၊ ဆီချက် ရှိတာတွေ ရောထည့်နယ်လေ့ရှိပါတယ်..။ ထည့်တဲ့…

2 years ago

ဟောလိုးဝင်း (Halloween) သရဲပွဲတော်အကြောင်း စိတ်ဝင်စားဖွယ်ရာများ

ဟေ့... မိတ်ဆွေတို့ရေ။ ခုတလော နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ဟောလိုးဝင်းပွဲတော်အကြောင်း ပြောပြပေးချင်လို့ပါ။ ကျွန်တော်တို့ဆီမှာလည်း ဟောလိုးဝင်းပါတီတွေ၊ သရဲဝိညာဉ်အဝတ်အစားတွေနဲ့ ပွဲတွေလုပ်လာကြတာမို့ ဒီပွဲတော်အကြောင်း သိထားသင့်တာလေးတွေ မျှဝေပေးလိုက်ပါ့မယ်နော်။ ဘယ်ကစတာလဲ…

2 years ago

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ ဟောလိုးဝင်း (halloween) ပွဲအတွင်း လူအုပ်ပြို၍ သေဆုံးသူ ၁၅၀ကျော် ရှိလာ

 တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အီထယ်ဝန်ရပ်ကက်၌ ကျင်းပသည့် ဟောလိုးဝင်းပွဲ (Halloween) အတွင်း လူအုပ်ပြို၍ သေဆုံးရသူဦးရေမှာ လူအုပ်ပိပြီး လူ ၁၅၁ ဦး ကျော် သေဆုံးသွားကြောင်း…

2 years ago