တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အီထယ်ဝန်ရပ်ကက်၌ ကျင်းပသည့် ဟောလိုးဝင်းပွဲ (Halloween) အတွင်း လူအုပ်ပြို၍ သေဆုံးရသူဦးရေမှာ လူအုပ်ပိပြီး လူ ၁၅၁ ဦး ကျော် သေဆုံးသွားကြောင်း တောင်ကိုရီးယားအာဏာပိုင်များက တရားဝင် ထုတ်ပြန်ကြေညာသည်။ဒဏ်ရာရရှိသူ ၁၅၀ ကျော်ရှိပြီး သေဆုံးမှု အရေအတွက်မှာ ဆက်လက် တိုးလာနိုင်ကြောင်း၊ သေဆုံးသူများမှာ ဆယ်ကျော်သက်အရွယ်များဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိများ၏ အဆိုအရ သိရှိရသည်။သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၉ ဦးပါဝင်ပြီး နောက်ထပ် ၈၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ အရေးပေါ်အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
ယမန်နေ့ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ဆိုးလ်မြို့၏ ဘားများ၊ ကလပ်များရှိသည့် လမ်းတခုအတွင်း ဟောလိုးဝင်းပွဲ ဆင်နွှဲရန် လူအုပ်ကြီးသည် လမ်းကြားတခုအတွင်းသို့ တိုးဝင်လာချိန်တွင် ရုတ်တရက် တိုးကြိတ်ခဲ့ကြသည့် အတွက် လူပိကာ ၁၄၉ ဦးထက်မနည်း သေဆုံးရပြီး၊ ဒဏ်ရာရသူဦးရေမှာလည်း ၁၀၀ ကျော်ရှိကာ၊ သေဆုံးသူများမှာ ဆယ်ကျော်သက်အရွယ်နှင့် ၂၀ ကျော်အရွယ် လူငယ်အများစု ဖြစ်ကြကြောင်း တာဝန်ရှိသူများက ဆိုသည်။
အဆိုပါ ပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ဆိုးလ်မြို့တွင် ပထမဆုံး ကျင်းပခဲ့သည့် ဟောလိုးဝင်းပွဲတခုလည်း ဖြစ်သည်။မီးသတ် အရာရှိများနှင့် မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ လူများ စုပုံနေပြီး ကျဉ်းမြောင်းသည့် လမ်းကြားထဲသို့ လျှောဆင်းနေချိန်၌ လမ်းထိပ်ရှိ လူများမှာ ပြုတ်ကျကာ အောက်ခြေရှိ လူများပေါ်သို့ ပိကျကုန် သည်ဟု ပြောဆိုကြသည်။လက်ရှိတွင် တောင်ကိုရီးယားအစိုးရက နိုင်ငံတစ်ဝန်းမှ ကူညီကယ်ဆယ်ရေးသမားများဖြင့် အရေးပေါ် ကုသပေးမှုများ လုပ်ဆောင်နေပြီး သေဆုံးသည့်အရေအတွက်မှာလည်း ထပ်မံတိုးလာဖွယ်ရှိနေကြောင်း၊ တောင်ကိုရီးယားအစိုးရက နိုင်ငံတစ်ဝန်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာထားကြောင်း သိရှိရသည်။